Home
မြန်မာသတင်း
၇၂ နှစ်​​မြောက်​ ပြည်​​ထောင်​စု​နေ့ အခမ်းအနား  မြင်းခြံမြို့တွင်ကျင်းပ
DVB
·
February 12, 2019
52487955_1472827969520852_2140886122966810624_n
52396312_1472828096187506_5588371610286424064_n
51997989_1472828059520843_1526517100250660864_n
51892101_1472827859520863_2086056192508952576_n
51680024_1472828002854182_6763671470758428672_n
51635320_1472827902854192_8196534073225641984_n
၇၂နှစ်​​မြောက်​ ပြည်​​ထောင်​စု​နေ့ အခမ်းအနားကို ဒီက​နေ့ မနက်​ ၇ နာရီက  မြင်းခြံမြို့ အမှတ်​ (၁) အ​ခြေခံပညာအထက်​တန်း​ကျောင်းမှာ ကျင်းပပါတယ်​။ ပြည်​​ထောင်​စု​နေ့ အခမ်းအနားမှာ နိုင်​ငံ​တော်​သမ္မတ ဦးဝင်းမြင့်ထံက ​ပေးပို့​တဲ့ သဝဏ်​လွှာကို  မြင်းခြံခရိုင်​ စီမံခန့်​ခွဲမှု​ကော်​မတီဥက္ကဋ္ဌ ခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုရဲမှူးကြီးလှ​ဝေက ဖတ်​ကြားခဲ့ပါတယ်​။ အခမ်းအနားကျင်းပတဲ့ အထက်တန်း ​ကျောင်းဝန်းအတွင်းမှာ ပြည်ထောင်စုနေ့နဲ့ ပတ်သက်တဲ့ နံရံကပ်​စာ​စောင်​တွေနဲ့ ဓာတ်​ပုံတွေလည်း ခင်းကျင်း ပြသ​ပေးထား​ပါတယ်​။ ဒီအခမ်းအနားကို မြင်းခြံမြို့ရှိ တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​တွေ၊ အစိုးရ ဌာနဆိုင်​ရာမှတာဝန်​ရှိသူတွေနဲ့  ​ကျောင်းသား၊ ကျောင်းသူ အင်​အား ၅၀၀ လောက် တက်​​ရောက်​ခဲ့ ကြပါတယ်​။ သတင်း၊ ဓာတ်​ပုံ - ရီရီထွန်း (မြင်းခြံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024