Home
မြန်မာသတင်း
ဒုတိယကမ္ဘာစစ်အတွင်း လေယာဉ်ပျက်ကျ သေဆုံးခဲ့သည့် အမေရိကန်စစ်သည်ရုပ်ကြွင်းများကို ရှာဖွေ
DVB
·
January 26, 2019
ဒုတိယကမ္ဘာစစ်အတွင်း လေယာဉ်ပျက်ကျ သေဆုံးခဲ့တဲ့ အမေရိကန်စစ်သည်တွေရဲ့ ရုပ်ကြွင်းတွေရှာဖွေဖို့ လက်ပံတောင်းတောင် မစိုးရိမ်ရွာအနီးမှာ အမေရိကန် တာဝန်ရှိသူတွေ ဇန်န၀ါရီ ၂၅ ရက်နေ့က ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းကြေးနီ စီမံကိန်းအနီးမှာ အမေရိကန်သံရုံးတာဝန်ရှိသူတွေနဲ့ ရုပ်ကြွင်းရှာဖွေရေး အဖွဲ့ဝင်တွေက ကွင်းဆင်းစစ်ဆေးနေတာပါ။ ဒီရှာဖွေမှုကို အမေရိကန်သံရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ တိုက်ရိုက်ဆက်သွယ် လုပ်ဆောင်တာလို့ သိရပါတယ်။ ရှာဖွေရေးမှာ Defense Pow /MAI Accounting Agency (DPAA) မှ ဗိုလ်မှူးအဆင့်ရှိ Ms.Klairoong Pattumma နဲ့ ဗိုလ်ကြီးအဆင့်ရှိ Mr.Ahle Eirc Raymond အပါအ၀င် ၁၃ ဦး၊ အမေရိကန်သံရုံးမှ ၃ ဦး စုစုပေါင်း ၁၆ ဦးတို့က ရှာဖွေသွားမယ်လို့ သိရပါတယ်။ ရှာဖွေမှုက ဘယ်လောက်ကြာမယ်၊ ဘယ်လိုနည်းပညာတွေသုံးပြီး ရှာဖွေမယ်ဆိုတာတော့ မသိရသေးပါဘူး။ ရှာဖွေရေးအဖွဲ့ကို တွေ့ဆုံမေးမြန်းရာမှာလည်း ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ အခုရှာဖွေမယ့် နေရာက ဦးပိုင်ရဲ့ ယာကွက်လည်းဖြစ်ပြီး ဘယ်လိုညှိနှိုင်းဆောင်ရွက် နေတယ်ဆိုတာလည်း မသိရသေးပါဘူး။ အသက် ၅၀ ကျော်အရွယ် ဒေသခံတဦးကတော့ ဒီဒေသမှာ လေယာဉ်ပျက်ကျတယ်ဆိုတာ ငယ်ငယ်ကတည်းက လူကြီးတွေ ပြောသံလည်း မကြားဖူးဘူးလို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024