Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအတွင်းရေးမှူးချုပ် ရခိုင်အရေးဆွေးနွေး
DVB
·
December 18, 2018
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့  အာဆီယံအတွင်းရေးမှူးချုပ် လင်ကျောက်ဟွိုင်နဲ့ ဒီကနေ့ မနက်က နေပြည်တော်မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးကိစ္စတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံရာမှာ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံက ပြင်ဆင် ထားရှိတဲ့ အစီအစဉ်တွေ၊ နေရပ်စွန့်ခွာသူတွေကို ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် အထောက်အကူ ဖြစ်စေဖို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီများညှိနှိုင်းရေးဌာန (AHA Centre)က လိုအပ်ချက် ဆန်းစစ်ဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ ဒ့ါအပြင် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး အစီအစဉ်တွေ မြန်မာပြည်မှာ ဖွင့်လှစ်ဖို့နဲ့  ရခိုင်ပြည်နယ်ရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေ ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။ အာဆီယံအတွင်းရေးမှူးချုပ်နဲ့ အဖွဲ့ဟာ ဒီဇင်ဘာ ၁၇ ရက်က  ရခိုင်ပြည်နယ် မောင်တော ​ဒေသမှာရှိတဲ့ ပြန်လည်လက်ခံရေး စခန်းတည်ဆောက်နေမှု အခြေအနေတွေကိုသွားရောက် ကြည့်ရှုခဲ့ကြပါတယ်။ အာဆီယံ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာချစ်ကြည်ရေးတံတားနဲ့ မောင်တော ဒေသမှာရှိတဲ့ တောင်ပြိုလက်ခံရေးစခန်း၊ ငါးခူရပြန်လည်လက်ခံရေးစခန်း၊ လှဖိုးခေါင်ယာယီကြား စခန်းတွေ တည်ဆောက်နေမှုတွေကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။ အာဆီယံ အတွင်းရေးမှူးချုပ်အနေနဲ့ အခုလို လာရောက်တာဟာ ဒီဘက်ဒေသမှာ နေထိုင်နေတဲ့သူတွေအတွက် စားသောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့ ရောက်ရှိလာတာဖြစ်တယ်လို့ ပြောပါတယ်။ ဒေသခံတွေကလည်း နယ်မြေအတွင်းနေထိုင်စားသောက်မှု အခက်ခဲတွေနဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေတွေကို ပြန်လည်တင်ပြခဲ့ကြပါတယ်။ အဲဒီနောက် အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ အဖွဲ့ဟာ လူဦးရေ တသောင်းကျော်နေထိုင်တဲ့ ရွှေစားကျေးရွာအုပ်စုကို သွားရောက်ခဲ့ကြပြီး  အိန္ဒိယအစိုးရက လှူဒါန်းဆောက်လုပ်နေတဲ့ နေအိမ်တွေကိုလည်း သွားရောက်လေ့လာခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024