Home
မြန်မာသတင်း
ပြည်မြို့တွင် ဘောလုံးလိုက်ဆယ်ရာမှ ကလေး ၂ ဦးရေနစ်၊ ၁ ဦးသေဆုံး
DVB
·
November 16, 2018
ပြည်မြို့ ဧရာဝတီမြစ်ထဲမှာ ဘောလုံးကျသွားလို့ လိုက်ဆယ်တဲ့ ကလေး ၂ ယောက် ရေနစ်ပြီး တယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က ပြည်မြို့ ကမ်းနားလမ်း၊ ပန်းခြံဘေးက မြေကွက်လပ်မှာ  ကျောင်းသား ၄ ယောက် ဘောလုံးကန်ရင်းနဲ့ ဘောလုံးက ရေထဲကျသွားတာကို လိုက်ဆယ်ရင်းနဲ့ ကျောင်းသား ၂ ယောက် ရေနစ်ခဲ့တယ်လို့ ကမ်းနားမှာ အဝတ်လျှော်နေသူတယောက်က ပြောပါတယ်။ ရေနစ်နေတဲ့သူ ၂ ယောက်ကို ကမ်းနားမှာ ငါးမျှားနေတဲ့ မောင်ဟာဆန် ဆိုတဲ့ လူငယ်လေးက လိုက်ဆယ်ယူရာ ပထမ ၂ နှစ်ယောက်လုံး ပါလာခဲ့ပြီးနောက် ကလေးတယောက် လက်ထဲက လွတ်ထွက်ပြီး ပျောက်ဆုံးခဲ့တာလို့ ပြောပါတယ်။ ရေထဲ ပျောက်ဆုံးသွားသူ မောင်ကောင်းကောင်း (ခေါ်) မောင်ကောင်းခန့်သာက ပြည်မြို့ အထက ၁ က ၈ တန်းကျောင်းသား ဖြစ်ပြီး ဆံတော်ရပ်ကွက်၊ ဘုရားနီလမ်းမှာနေထိုင်ပါတယ်။ ကယ်ဆယ်လိုက်နိုင်တဲ့ ကလေးကတော့ နဝင်းရပ်ကွက်ကဖြစ်ပြီး ၅ တန်းကျောင်းသားဖြစ်တယ်လို့  အထက ၁ ကျောင်းအုပ်ဆရာမကြီးထံက သိရပါတယ်။ နောက်ဆက်တွဲသတင်းအရ နေ့လယ် ၂ နာရီ ထိုးမှာ ရေနစ်ပျောက်ဆုံးနေသူ မောင်ကောင်းကောင်းရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။ မင်းညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024