အိန္ဒိယနိုင်ငံတွင် ထိန်းသိမ်းခံခဲ့ရသည့် မြန်မာရေလုပ်သား ၇ ဦး ပြန်လည်ရောက်ရှိ

အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားကျွန်းရှိ ယာယီထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာရေလုပ်သား ၇ ဦး ပြစ်ဒဏ်ကာလ ပြီးဆုံးပြီးနောက်  မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပါတယ်။ မြန်မာနိုင်ငံမှ စေတနာရှင်တွေရဲ့ လေယာဉ်စရိတ် ကျခံမှုနဲ့ နိုဝင်ဘာ ၁၅ ရက် ညက  မြန်မာ့လေကြောင်းလိုင်းနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာတာလို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ မြန်မာ ၇ ဦးကို နယူးဒေလီမြို့ရှိ မြန်မာသံရုံးနဲ့ အိန္ဒိယအာဏာပိုင်တွေက တွေ့ဆုံမေးမြန်း နိုင်ငံသားစိစစ် ဆောင်ရွက်ခဲ့ပြီး  နိုင်ငံသားမှန်ကန်ကြောင်း အတည်ပြုချက် ရရှိသူတွေကို နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ လူကယ်ပြန်ဌာနနဲ့ စေတနာရှင်တွေ ပူးပေါင်းပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့တာလို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာရေလုပ်သားတွေထဲက ၂၀၁၆ ခုနှစ်မှာ ၂၇၂ ဦး၊ ၂၀၁၇ ခုနှစ်မှာ ၁၃၃ ဦး၊ ၂၀၁၈ ခုနှစ်မှာ နိုဝင်ဘာလ ၁၅ ရက်အထိ ၅၈ ဦး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဓာတ်ပုံ- MOFA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up