တပ်ကုန်းမြို့တွင် အမျိုးသား ၁ ဦး ပြတ်ရှဒဏ်ရာများဖြင့် သေဆုံး

နေပြည်တော်၊ တပ်ကုန်းမြို့မှာ အမျိုးသား ၁ ဦး ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေမှုကို ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က တပ်ကုန်းမြို့၊ ဆရာစံရပ်ကွက်နေ ကိုသိန်းဇော်ဝင်းဟာ ကျီးနီကန် သုသာန်ဟောင်းအနီးရှိ လယ်ထဲကို သွားရောက်စဉ် မင်းနိုင်ထွန်း (ခ) တရုတ်ကြီး (၃၅) နှစ်ဟာ မြေစိုက်တဲအနီးမှာ နဖူး၊ အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းကြား၊ ယာမေး/ပါး၊ ဝဲလည်ပင်း ပြတ်ရှဒဏ်ရာ ၇ ချက်နဲ့ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အခင်းမဖြစ်ပွားမီ ရက်ပိုင်းက သေဆုံးသူနဲ့အတူ အရက်သေစာ သောက်စားခဲ့ကြတဲ့ အမှုမှ မသင်္ကာတရားခံ လှဝင်း (ခ) ဝဏ္ဏကို နဲ့ ချစ်ဦးမောင်(၂၅) နှစ် တို့အား ဥတ္တရ ခရိုင်ရဲတပ်ဖွဲ့နဲ့ မှုခင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး တပ်ကုန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) နဲ့ အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up