Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေး ၂၀၂၃ ခုနှစ် အပြီးလုပ်မည်
DVB
·
September 1, 2018
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် JICA တို့ ပူးပေါင်း၍ ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေး ၂၀၂၃ အပြီးတည်ဆောက်မယ်လို့ သိရပါတာယ်။ ရန်ကုန် မန္တလေး မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းက ဂျပန်နိုင်ငံ၏ ချေးငွေနဲ့ ဆောင်ရွက်နေတာပါ။ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို page 1 ရန်ကုန်-တောင်ငူ လမ်းပိုင်းနဲ့ page 2 တောင်ငူ-မန္တလေးလမ်းပိုင်းဆိုပြီး နှစ်ခု ခွဲခြားထားပါတယ်။ ပထမ page 1 လမ်းပိုင်းကတော့ ရန်ကုန် တောင်ငူ လမ်းပိုင်းကို သုံးနှစ်အတွင်း အပြီးတည်ဆောက်မှာ ဖြစ်တာကြောင့် အခုနှစ် နိုဝင်ဘာလက စပြီး လမ်းပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေကို စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ဒီပထမနှစ်ထဲမှာ ပါဝင်မယ့် လမ်းပိုင်းတွေကတော့ ပဲခူး-ထုံးကြီး၊ ဘုရားကြီး-ဖောင်တော်သီ၊ ညောင်လေးပင်-ပဲနွယ်ကုန်း လမ်းပိုင်းတွေကို အစုန်လမ်းကို ၆ လ အဆန် လမ်းကို ၆ လ စုစုပေါင်း ၁ နှစ်အတွင်းမှာ အပြီးတည်ဆောက်မယ်လို့ မီးရထားဌာန တိုင်း(၆) ပဲခူးအရှေ့တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးယဉ်မင်းဦးက ပြောပါတယ်။ ဒုတိယနှစ်မှာ ရွာသာကြီး-ထုံးကြီး၊ ဖောင်တော်သီ-ညောင်လေးပင်၊ ပဲနွယ်ကုန်း -ညောင်ခြေထောက်၊ တတိယနှစ်မှာတော့ ပုဇွန်တောင် -ရွာသာကြီး၊ပဲခူး ဘုရားကြီး၊ ညောင်ခြေထောက်-တောင်ငူ လမ်းပိုင်းအလိုက် သုံးနှစ်စီမံကိန်းတည်ဆောက်မယ့် လမ်းပိုင်းတွေလို့ သိရပါတယ်။ မီးရထားလမ်းပိုင်း တည်ဆောက်နေချိန်မှာ လမ်းတလမ်းသာ အသုံးပြုမှာဖြစ်တဲ့အတွက် ပုံမှန်မီးရထာတွေလည်း သွားလာလို့ရအောင် အပိုင်းအဖြတ်လိုက် မီးရထားရှောင်လို့ ရမယ့်နေရာတွေကို ပထမဦးစားပေး ရွေးချယ်ပြုလုပ်ရတာပါလို့ လက်ထောက်မန်နေဂျာကြီးက ဆက်ပြောပါတယ်။ လက်ရှိ မီးရထားလမ်းပိုင်းကို ကျောက်တွေနဲ့ထပ်မြှင့်မယ်၊ သံလမ်းတွေ ကွန်ကရစ်ဖားတုံးတွေ အစားထိုးမယ်၊ အခုအချက်ပြတွေကိုလည်း သုံးလို့ မရတော့တဲ့အတွက် မီးရောင်စုံ အချက်ပြနည်းစနစ် အမျိုးအသစ်တွေနဲ့ လဲလှယ်သွားရမှာဖြစ်ပါတယ်။ မီးရထားကလည်း အခု လက်ရှိ ၁ နာရီ မိုင် ၃၀ နှုန်းကနေ မိုင် ၆၀ (ကီလိုမီတာ ၁၀၀) ဖြစ်လာမှာကြောင့် ရထားတွဲဆိုင်းတွေ၊ စက်ခေါင်းတွေ၊ အသစ်အစားထိုးရမှာ ဖြစ်ပါတယ်။ ဘူတာရုံတွေမှာလည်း အော်တို မောင်းတံ ဂိတ်တွေထားရှိသွားမယ်လို့ ဆိုပါတယ်။ မြန်နှုန်းမြင့်လာတဲ့အတွက် ရထားတိုက်မှုအန္တရာယ် ဖြစ်လာနိုင်တာကြောင့် တရားမဝင် မီးရထားလမ်းဖြစ်ကျော်တွေ ရှိနေသေးလို့ ပညာပေးဟောပြောမှုတွေကို မီးရထား အနီးဝန်းကျင်က ပြည်သူတွေ၊ ကျောင်းသားသူတွေကို ပညာပေး ဟောပြောမှုတွေ လိုက်လံ ပြုလုပ်နေတယ်လို့ ရန်ကုန် တောင်ငူ လမ်းပိုင်း ကြီးကြပ်ရေးမှူး ဦးဝဏ္ဏထွန်းက ပြောပါတယ်။ စီမံကိန်း စတင်ချိန်မှာ မီးရထား ခရီးစဉ်တူအချို့ကို အစီးရေ တစီးတည်းပေါင်းပြီး ထွက်ခွာတာ လျော့ချမှာဖြစ်ပေမယ့် ၂၀၂၃ စီမံကိန်းပြီးသွားရင်တော့ မီးရထား တစီးနဲ့တစီး မိနစ် ၄၀ ခြားပြီး လက်ရှိ ခရီးစဉ်ရဲ့ သုံးဆ၊ တနေ့ကို ၁၃ စီးနှုန်းလည်ပတ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။ ဗိုလ်သူရိန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024