မဒေါက်၊ ဘားအံနှင့် သာပေါင်းမြို့တို့၏မြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ
DVB
·
August 5, 2018
မဒေါက်၊ ဘားအံနဲ့ သာပေါင်းမြို့တို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၁ ပေခွဲလောက် ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။
သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၁ ပေခွဲလောက် ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။
ငဝန်မြစ်ရေဟာ သာပေါင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ လက်မလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။
ဒါကြောင့် မဒေါက်မြို့၊ ဘားအံမြို့နယ်နဲ့ သာပေါင်းမြို့နယ်တွေအတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြပါရန် မိုးဇလက အကြံပြုထားပါတယ်။