မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဥတ္တရသီရိတွင် ချောင်းကူးတံတား ၄ ပေခန့် နိမ့်ဆင်း
DVB
·
June 4, 2018

နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်မှာ ဇွန် ၃ ရက်နေ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံခွန်တိုင်ချောင်းရေလျှံခဲ့ပြီး ပိုးစာတောကျေးရွာရှိ ရေတားနံရံ ရေတိုက်စား ပျက်စီးဆုံးရှုံးကာ သရက်တောကျေးရွာနဲ့ ပိုးစာတောကျေးရွာကြားရှိ ချောင်းကူးကွန်ကရစ်တံတား မြေကျွံပြီး ၄ ပေလောက် နိမ့်ဆင်းသွားတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
အလားတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ညိုချောင်း ရေလျှံခဲ့ရာ ပိုးစာတောကျေးရွာအနီး အရှည် ၁၄၀ ပေရှိ ကွန်ကရစ် ချောင်းကူးတံတား မျက်နှာပြင် အနည်းငယ်နိမ့်ဝင်ခဲ့လို့ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာမှု ခေတ္တရပ်ဆိုင်းထားခဲ့ရတယ်လို့ ဆိုပါတယ်။