Home
မြန်မာသတင်း
အာရှအလင်းရောင် ပရိယတ္တိစာသင်တိုက်က ကျန်းမာရေး အခမဲ့ကုသပေး
DVB
·
May 6, 2018
ပြင်ဦးလွင်မြို့ အောင်ချမ်းသာကျေးရွာအုပ် အာရှအလင်းရောင် ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးစိန္တိတ ဦးဆောင်ပြီး ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် သာပိုင်ကျေးရွာမှာ အခြေပြုပြီး ကျန်းမာရေးနဲ့ပတ်သက်လို့ အခမဲ့ ကုသပေးပြီး ကြိုတင်ကာကွယ်ရေး အသိပညာပေး မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ပညာရေးနဲ့ပတ်သတ်ပြီးလည်း ကျောင်းနေအရွယ်ကလေးတိုင်း မိဘတွေအနေနဲ့ ကျောင်းထားပေးဖို့အတွက် ဆရာ ဦးဘုန်းမြင့်အောင် (သုခမေတ္တာ မိဘမဲ့ကျောင်း) နဲ့ အမျိုးသား စာပေဆုရှင် ဆရာမ ဒေါ်ယဉ်ယဉ်နုတို့က ပညာပေး ဟောပြောတာတွေ ပြုလုပ်ပေးခဲ့တာပါ။ ကျောင်းနေဖို့ အခက်အခဲရှိသူတွေကိုလည်း ကျောင်းအိပ်ကျောင်းစား လက်ခံပေးမယ့် အကြောင်းလည်း ပြောကြားခဲ့တာပါ။ ကျောင်းတက်နေတဲ့ ကလေးတွေအတွက်လည်း ပညာရေးနဲ့ပတ်သတ်တဲ့ သင်ထောက်ကူ ပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့ပါတယ် ။ အိမ်ခိုင်မြဲ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024