Live
Home
မြန်မာသတင်း
နေပြည်တော် ရဲမှူးကြီး အပါအဝင် ရဲမှူးကြီး ၇ ဦးကို အပြောင်းအရွှေ့လုပ်
DVB
·
October 18, 2017
နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲမှူးကြီး ၇ ဦးကို အောက်တိုဘာ ၁၇ ရက် ညက နယ်မြေအပြောင်းရွှေ့ လုပ်လိုက်တယ်လို့ သိရပါတယ်။ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က “အော်ဒါထွက်တယ်။ အောက်အဆင့်တော့ထွက်ပြီ။ ကျနော်တို့လည်း မကြာခင်ထွက်မှာပါ။ ဒါက ပုံမှန်အပြောင်းအရွှေ့ပါ” လို့ အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက ဒီဗွီဘီကို ပြောပါတယ်။ အခု ရဲတပ်ဖွဲ့ ရဲမှူးကြီးတွေ အပြောင်းအရွှေ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော် လေဆိပ်မှာ ဖမ်းမိတဲ့ ဦးဖြိုးကိုကိုတင့်ဆန်း အမှုကနေ လက်နက်အလက် ၂၀ ကျော်နဲ့ တရားခံ ၁၂ ယောက်ကို ဖမ်းဆီးပြီး စစ်ဆေးမှုတွေ လုပ်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် လက်နက်မှုနဲ့ ပတ်သက်ပြီးလည်း ရဲမှူးကြီး ဇော်ခင်အောင်ဟာ သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်ကို ဖြေကြားပေးခဲ့သူလည်း ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024