ပဲခူးတွင် ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ပေါက်တူးဖြင့် ခုတ်သတ်
DVB
·
October 14, 2017
ပဲခူးမြို့နယ်၊ ကျိုက်ဒေးယုံကျေးရွာအုပ်စု၊ ကျုံပကန်ကျေးရွာမှာ အောက်တိုဘာ ၁၃ ရက် ည ၆ နာရီလောက်က ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ပေါက်တူးနဲ့ ခုတ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ အမှတ် ၂ နယ်မြေရဲစခန်းက ပြောပါတယ်။
ဖြစ်စဉ်မှာ အခင်းဖြစ်ညက သန်းငွေ ဟာ အရက်သောက်စားမူးရစ်ပြီး ဇနီးဖြစ်သူ ဒေါ်ဌေးဌေးကို လူမှုရေးဖောက်ပြန်တယ်လို့ စွပ်စွဲပြီး စကားများရန်ဖြစ်ရာမှ စိတ်မထိန်းနိုင်ဘဲ ဒေါ်ဌေးဌေးကို ပေါက်တူးနဲ့ ခုတ်လိုက်တာဖြစ်ပါတယ်။
ပေါက်တူးနဲ့ ခုတ်လိုက်တဲ့အတွက် ဒေါ်ဌေးဌေးမှာ ဦးခေါင်းငယ်ထိပ်ပေါက်ပြဲပြီးသွေးထွက် သတိလစ်သွားတဲ့အတွက် ပဲခူးဆေးရုံကို ပို့ဆောင်ချိန် လမ်းမှာ သေဆုံးသွားခဲ့တာပါ။
အမှတ် ၂ နယ်မြေရဲစခန်းက သန်းငွေကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ နဲ့ ဖမ်းဆီးအရေးယူ ထားတယ်လို့ သိရပါတယ်။
အောင်စိုးမိုး