လမ်းလျှောက်နေသူ ၃ ဦး ဆိုင်ကယ်တိုက်ခံရ၊ ၁ ဦးသေ
DVB
·
October 6, 2017
ပဲခူးမြို့ မြသာလျောင်းဘုရားအနီးမှာ အောက်တိုဘာ ၅ ရက်ညက လမ်းလျှောက်နေသူတွေ ဆိုင်ကယ်တိုက်ခံရမှုကြောင့် ၁ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးမြို့ အမှတ် ၂ နယ်မြေရဲစခန်းက ပြောပါတယ်။
ဖြစ်စဉ်မှာ သီတင်းကျွတ်လပြည့်ည ၇ နာရီလောက်က ရွှေဂူလေး ဘုရားဘက်ကနေ မဇင်း ၁ လမ်းထိပ်ဘက်ကို ဥဿာမြို့သစ် ရပ်ကွက်ကြီး (၁) က ဖြိုးကိုကိုဇင် မောင်းနှင်လာတဲ့ ဆိုင်ကယ်ဟာ လမ်းဘေးတလျှောက် လမ်းလျှောက်သွားနေတဲ့ ဦးစိုးဝင်း၊ ဒေါ်ခင်လေးသွယ်နဲ့ မမြတ်မိုးအေးတို့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ဆိုင်ကယ်တိုက်မှုကြောင့် ၄ ဦးလုံး ဒဏ်ရာအသီးသီး ရရှိခဲ့တဲ့အတွက် ပဲခူးဆေးရုံကို ပို့ဆောင်ကုသခဲ့ရတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ ဦးစိုးဝင်းမှာ မသက်သာတဲ့အတွက် ရန်ကုန်ဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ပေမယ် ဆိုင်ကယ်တိုက်မိတဲ့ ဒဏ်ရာကြောင့် သေဆုံးသွားတယ်လို့ မဇင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
လူသေဆုံး ဒဏ်ရာရအောင် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဖြိုးကိုကိုဇင်အား အမှတ် ၂ နယ်မြေရဲစခန်းက ယာဉ် (ပ) ၄၈/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - အောင်စိုးမိုး