ကချင်ပြည်နယ်တွင် A(H1N1) ရာသီတုပ်ကွေးလူနာတဦး တွေ့ရှိ
DVB
·
September 6, 2017
ကချင်ပြည်နယ်မှာ စက်တင်ဘာလ ၃ ရက်နေ့က A(H1N1) ရာသီတုပ်ကွေးရောဂါ လူနာတဦးတွေ့ရှိပြီး ဆေးရုံတက် ကုသနေကာ စိုးရိမ်စရာ အခြေအနေမရှိဘူးလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က ပြောပါတယ်။
လူနာကတော့ အသက် ၅၀ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်က ဖြစ်ပါတယ်။ ဒါ့အပြင် ဖားကန့်မြို့နယ်က ၆ နှစ်အရွယ် ကလေးတယောက်ကလည်း H1N1 နဲ့ မန္တလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
ဒါကြောင့်ရောဂါ တွေ့ရှိတဲ့လူနာ မိသားစုပတ်ဝန်းကျင်တွေကိုတော့ ဆောင်ရန် ရှောင်ရန်တွေကို ပညာပေးပြုလုပ်ထားတယ်လို့ သိရပါတယ်။