Home
မြန်မာသတင်း
ပြည်​နယ်​ ၃ ခု၌ ကုန်းမြင့်လယ်ယာမြေ ဧက ၁၃၀၀ ကျော် ဖော်ထုတ်မည်
အောင်ဆန်းဦး
·
August 31, 2017
  ရှမ်း၊ချင်းနဲ့ ကယားပြည်နယ် ၃ ခုမှာ အခုဘဏ္ဍာနှစ်အတွင်း ကုန်းမြင့်လယ်ယာမြေ ဧက ၁၃၀၀ ကျော် ဖော်ထုတ်ပေးသွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်ပြောင်းဝန်ကြီးဌာနက ပြောပါတယ်။ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်က အခုလိုပြောဆိုလိုက်တာပါ။ “နိုင်ငံတော် စိုးရသစ်တာဝန်ယူတဲ့ ကာလအတွင်းမှာ ပြည်နယ်သုံးခုအတွင်း ကုန်းမြင့်လယ်ယာမြေဧက ၁၆၅၀ ဖော်ထုတ်ပေးပြီးဖြစ်ပါတယ်။ အခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းမှာလည်း ပြည်နယ်ခွင့်ပြုဘဏ္ဍာငွေကနေ ပြည်နယ် ၃ ခုမှာ ကုန်းမြင့်လယ်ယာမြေ ၁၃၄၈ ဧက ဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။” ပြည်နယ် ၃ ခုဖြစ်တဲ့ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ကုန်းမြင့် လယ်ယာမြေတည်ဆောက်ဖော်ထုတ်ရေးကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ စတင်အကောင် အထည်ဖော်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အထိ ကုန်းမြင့်လယ်ယာမြေ ၃၅၅၀ ဧကအထိ အသစ်ဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024