Home
မြန်မာသတင်း
ဝမ်းတွင်းတွင် ၆ တန်းကျောင်းသူကို အဓမ္မပြု ကျင့်ရန် ကြံစည်သူအား ဖမ်းဆီး
DVB
·
August 20, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အင်းကန်းကြီးရွာ သြဂုတ် ၁၉ ရက်က ၆ တန်းကျောင်းသူ တဦးကို အဓမ္မကျင့်ဖို့ ရန်စည်သူကို ဖမ်းဆီးခဲ့တယ်လို့ ရွှေတောင်ရဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ ၆ တန်းကျောင်းသူ မ----ဟာ အိမ်မှာ အိမ်သာမရှိလို့ တောထဲသွားစဉ် တရွာတည်းနေ နိုင်လင်းဇော်က နောက်က သိုင်းဖက်တွန်းလှဲပြီး ထမီနဲ့ အင်္ကျီတွေကို ဖယ်ရှားပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်စဉ် အတင်းရုန်းကန်ထွက် ပြေးခဲ့ရတာပါ။ စခန်းမှူးရဲအုပ်ကျော်နိုင်စိုးက"အိမ်ဝင်းထဲမှာ အိမ်သာမရှိတော့ အိမ်အရှေ့မြောက်ဘက် တောစပ်ကို သွားတယ်။ အမေက အရင်ပြန် လာတယ်။ နောက်သမီးက ငိုပြီးအိမ်ကိုပြန်လာလို့ မေးကြည့်တော့ တရွာတည်းနေသူက နောက်က သိုင်းဖက်ပြီး တွန်းလှဲတယ်။ ထမီနဲ့ အင်္ကျီတွေကို ဖယ်ရှားနေချိန် အတင်းရုန်းကန် ထွက်ပြေးလာတယ်ဆိုတာ တိုင်တန်းချက်ပေးတယ်” လို့ ပြောပါတယ်။ ရွှေတောင်ရွာ ရဲစခန်းက နိုင်လင်းဇော်ကို အဓမ္မပြုကျင့်ရန် ကြံစည်မှု ရာဇသတ်ကြီး ပုဒ်မ- ၃၇၆/၅၁၁ နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024