ဝန်းသိုမြို့နယ်အတွင်း တရားမဝင်းကျွန်းခွဲ ဆိုဒ်စုံ ၈ တန်ကျော် ပိုင်ရှင်မဲ့ ဖမ်းမိ
DVB
·
July 27, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် သစ်တောဦးစီဌာန ဦးစီးအရာရှိဦးမြင့်အေး ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နငဲကြိုးဝိုင်းအတွင်းနဲ့ ကြိုးပြင်တောတွေမှာ ဇူလိုင် ၂၆ ရက် ညနေ ၄ နာရီလောက်က ကျွန်းခွဲသားဆိုဒ်စုံ ၈ တန်ကျော်ဖမ်းမိတယ်လို့ ဝန်းသိုသစ်တောဦးစီးဌာနကပြော ပါတယ်။
ဝန်းသိုမြို့နယ် နငဲကြိုးဝိုင်းအတွင်း တွင်ဝန်းသိုမြို့နယ် သစ်တောဦးစီဌာန ဦးစီးအရာရှိ ဦးမြင့်အေး ဦးဆောင်တဲ့ သစ်တောဝန်ထမ်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ နငဲကြိုးဝိုင်းအတွင်းမှာ ကျွန်းခွဲသားဆိုဒ်စုံ ၂၉၆ ချောင်း နဲ့ နငဲကြိုးပြင်တောအတွင်းမှာ ကျွန်းခွဲသားဆိုဒ်စုံ ၄၄၂ ချောင်းတို့ကို ပိုင်ရှင်မဲ့ဖမ်းမိပါတယ်လို့ ဝန်းသိုသစ်တောဦးစီးအရာရှိ ဦးမြင့်အေးက ပြောပါတယ်။
ဖမ်းမိတဲ့ ကျွန်းခွဲသားတွေကို ဂျိုးတောင်သစ် တောဝင်းအတွင်း သယ်ယူထားတယ်လို့ သိရပါတယ်။
ကိုကျော် (အင်းတော်)