Home
မြန်မာသတင်း
ကျိုက်ထိုတွင် တရားမ၀င် ဆေးဝါးများ ကျပ်သိန်း ၁၉၀ ကျော်ဖိုး ဖမ်းမိ
DVB
·
July 21, 2017
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ ဇူလိုင် ၂၀ ရက်နေ့ မနက်ပိုင်းက မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားတဲ့ ဆေးဝါးတွေ ကျပ်သိန်း ၁၉၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ရဲအုပ်သန်းတင့် က ပြောပါတယ်။ “ဆေးတွေက မူးယစ်ဆေးဝါးအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားတဲ့ ဆေးတွေပါ။ ဒီဆေးတွေက ကင်ဆာရောဂါအပြင် တခြားပြင်းထန်တဲ့ နာကျင်ဒဏ်ရာရထားတဲ့ သူတွေအတွက် နာကျင်မှုကို လျော့စေတဲ့ဆေးတွေပါ။ တန်ဖိုးက ကျပ်သိန်း ၁၉၀ ကျော်ဖိုးလောက် ဖမ်းမိထားတယ်” မြဝတီကနေ ရန်ကုန်ကို ဝဏ္ဏထွဋ် မောင်းလာတဲ့ ယာဉ်ကို မရမ်းချောင်စစ်ဆေးရေးဂိတ်အဖြတ်မှာ တာဝန်ရှိသူတွေက စစ်ဆေးရာ ယာဉ်အမိုးပေါ်မှာ မြွေရေခွံအိတ် ၂ အိတ်နဲ့ ထည့်ထား Tramadol ဆေးတောင့် (၁၀) တောင့်ပါ ၁၀၄၂၀ ကတ်၊ ဆေးတောင့်(၅၀၀) ပါ ဘူး (၅၀)၊ Tramadol ထိုးဆေး ၁၀ လုံးစီပါအကတ် ၄၀၊ စုစုပေါင်း ကာလတန်ဖိုး ၁၉၅၈၀၀၀၀ ကျပ်ရှိ တရားမ၀င်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ တရားမဝင်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ ယာဉ်မောင်းဝဏ္ဏထွဋ်၊ ဆေးဝါးတွေ တင်ဆောင်ပေးလိုက်တဲ့ ဇော်လင်းနဲ့ မမိုးမိုးခိုင်တို့အား သိမ်ဇရပ်နယ်မြေရဲစခန်းမှ မူး/စိတ် ပြောင်းပုဒ်မ ၁၅/ ၁၉ (က)/ ၂၁ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024