Home
မြန်မာသတင်း
ရေးမြို့တွင် မလွှဲတောင်ပြိုမှုကြောင့် ရန်ကုန်-ထားဝယ် ရထားလမ်းပိတ်ဆို့မှုဖြစ်
DVB
·
July 20, 2017
မွန်ပြည်နယ် ရေးမြို့နယ် မလွှဲတောင်နေရာရှိ မိုင်တိုင်အမှတ် (၂၈၁/၂၂ -၂၃) ကြားမှာ  ဇူလိုင် ၁၉ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန်က မိုးရွာသွန်းမှုကြောင့် တောင်ပြိုမှု ဖြစ်ပွားခဲ့ရာ ရထားလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့တယ်လို့ ကိုးမိုင်ဘူတာရုံပိုင်မှ တာဝန်ရှိသူက ပြောပါတယ်။ ရန်ကုန်မှ ထားဝယ်ကို ပြေးဆွဲလာတဲ့ ၁၇၅ အဆန် လူစီးရထားမှာ ခရီးသည် ၂၀၀ ကျော်ခန့်နဲ့ ကုန်ပစ္စည်းတွေပါ တင်ဆောင်လာခဲ့ပါတယ်။ တောင်ပြိုမှုကြောင့် ခရီးစဉ်ကို ဆက်လက် မထွက်ခွာနိုင်တော့ဘဲ ကိုးမိုင်ဘူတာရုံမှာ ယာယီကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ကိုးမိုင်ဘူတာရုံပိုင် ဦးကျော်ကျော်လွင်က ပြောပါတယ်။ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေရာကို နယ်မြေခံတပ်ရင်း တပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တွေ၊ ရထားလမ်းပိုင်းဆိုင်ရာ တာဝန်ခံတွေက စတင်ရှင်းလင်းဖို့ ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ လူအင်အား ၁၀၀ က အချိန်နဲ့တပြေးညီ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ တောင်ပြိုလမ်းပိတ်ဆို့မှုကို ည ၁၀ နာရီခန့်က ရှင်းလင်းပြီးစီးသွားခဲ့ပါတယ်။ တဆက်တည်းမှာပင် ရန်ကုန်ကနေ ထားဝယ်ကို ခရီးစဉ် ပြန်လည်ထွက်ခွာသွားတယ်လို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ သတင်း - နေမျိုးထွဋ်(ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024