ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အရေးယူပေးရန် တပ်မတော်တောင်းဆို
DVB
·
July 12, 2017

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို လိုအပ်သလို စိစစ်အရေးယူပေးနိုင်ဖို့ တပ်မတော်က နိုင်ငံတော်အစိုးရထံ တင်ပြတောင်းဆိုလိုက်ပါတယ်။
ဇူလိုင် ၉ ရက်က ရန်ကုန်မြို့မှာ USAID အဖွဲ့နဲ့ ပူးပေါင်းကျင်းပခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက် အဖွဲ့အစည်းနဲ့ မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲမှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး စိစစ်အရေး ယူပေးဖို့ တင်ပြထားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဘက် စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီ ခေတ်မှာ မရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။