Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ကို ပြန်လည်ရောက်ရှိ၊ နာယကဦးတင်ဦးကို သွားရောက်တွေ့ဆုံ
DVB
·
June 14, 2017
ds9
ds8
ds7
ds6
ds5
ds4
ds3
ds2
ds1
Ds
ကနေဒါနိုင်ငံနဲ့ ဆွီဒင်နိုင်ငံတွေကို တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ခရီးစဉ်ကို အဆုံးသတ်ပြီး ဒီကနေ့ မြန်မာနိုင်ငံမှာ ပြန်လည်ရောက်ရှိနေပါတယ်။ ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမြို့ Arlanda လေဆိပ်ကနေ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ ခဲ့ရာ ဒီကနေ့မနက် ၉ နာရီလောက်က  ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တဆင့် ရန်ကုန်လေဆိပ်ကို ထိုင်းလေကြောင်းခရီးစဉ်နဲ့ ပြန်လည်ရောက်ရှိလာတာလို့  နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ အဖွဲ့ချုပ် နာယက ဦးတင်ဦးရဲ့ ကျန်းမာရေးအခြေအနေကို ဒီကနေ့  သွားရောက်ကြည့်ရှူအားပေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024