Home
မြန်မာသတင်း
ဒီကေဘီအေ ခွဲထွက်အဖွဲ့ဝင် ၇ ဦး လက်နက်ချ
DVB
·
January 2, 2017
ဒီကေဘီအေ ခွဲထွက်အဖွဲ့ဖြစ်တဲ့ စောဆန်းအောင်အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ ဝင်းဇော် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၇ ဦး လက်နက်ချခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့မှာ လက်နက်ချခဲ့တာဖြစ်ပြီး သူတို့နဲ့အတူ အမ် ၁၆ တလက်၊ အိပ်ခ်ျကေ ၃၂ လက်၊ အမ် ၇၉ လောင်ချာ ၁ လက်၊ ကာဘိုင် ၂ လက်နဲ့အတူ မိုင်း ၅ လုံး ပါလာပြီး တာဝန်ရှိသူတွေထံ အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ ဒီကေဘီအေ ခွဲထွက်အဖွဲ့ဝင် ၇ ဦးကို မြဝတီမြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက အခမ်းအနားနဲ့ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အန်အယ်လ်ဒီအစိုးရသစ်လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ငယ်တခုထဲက အဖွဲ့ဝင်တချို့ ပထမဆုံး လက်နက်ချလာတာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024