Live
Home
မြန်မာသတင်း
ကျီးကန်းပြင် အကြမ်းဖက်တိုက်ခိုက်သူ ၁၃ ဦး ထပ် ဖမ်းမိ
DVB
·
November 25, 2016
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်​ရဲစခန်း အကြမ်းဖက်​တိုက်​ခိုက်​မှုမှာ ပါဝင်ခဲ့သူတွေလို့ သံသယရှိသူ ၁၃ ဦးကို နိုဝင်ဘာ ၂၄ ရက်က ထပ်မံဖမ်းမိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပါတယ်။ သံသယရှိသူ ဝါးပိတ်ကျေးရွာနေ အီနုနှင့် အာယုတို့ကို နိုဝင်ဘာ ၂၄ ရက် နံနက် ၇ နာရီလောက်မှာ ဖမ်းမိခဲ့ပြီး ဦးရှည်ကျ ကျေးရွာမှ ရှားအာလောင် အပါအဝင် ၁၁ ဦးကို ၈ နာရီခွဲလောက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်မှာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ ရဲစခန်း ၃ ခုကို အကြမ်းဖက်တိုက်ခိုက်သူ ရာနဲ့ချီပြီး စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အဲဒီဒေသအတွင်း စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ် ရှင်းလင်းနေတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024