အင်းတကော်မြို့နယ်မှာ ရာဘာပြားများ မီးအပူပေးရာက ရာဘာဂိုဒေါင်မီးလောင်
DVB
·
November 1, 2016

ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ အမှတ်-၅ ရပ်ကွက်၊ အမှတ်-၁၂၃ က မနှင်းနှင်းခိုင်ရဲ့ နေအိမ်နောက်ဖေးမှာရှိတဲ့ ရာဘာပြားတွေထားတဲ့ ဂိုဒေါင်တခု ရာဘာပြား အပူပေးရာကတဆင့် အပူလွန်ကဲပြီး အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်တယ်ဆိုတဲ့သတင်းအရ ပဲခူးတိုင်း မီးသတ်ဦးစီးမှူး ဦးအောင်မြင့်၊ ခရိုင်မီးသတ် ဦးစီးမှူး ဦးမြင့်စိုးနဲ့ လှည်းကူးမြို့နယ်၊ မီးသတ်တပ်ဖွဲ့၊ ကဝမြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ အင်းတကော် ခဲယမ်းမီးကျောက်တပ်မှ မီးသတ်ယာဉ်တွေ ပါဝင်တဲ့ မီးသတ်ယာဉ် ၉ စီးနဲ့ ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တဲ့အတွက် ညနေ ၅ နာရီခွဲခန့်မှာ အောင်မြင်စွာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ပဲခူးခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးမြင့်စိုးက ဒီဗွီဘီကို ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး ကျပ် ၂၅ သိန်းဖိုးခန့် ပျက်စီးဆုံးရှုံးသွားပြီး တစုံတရာ ထိခိုင်ဒဏ်ရာရရှိမှု မရှိဘူးလို့ သိရပါတယ်။
အခုလို မီးလောင်ကျွမ်းမှုကြောင့် မီးပေါ့ဆသူ မနှင်းနှင်းခိုင်အား (ပ)၂၅၅/၂၀၁၆ ရာဇသက်ကြီးပုဒ်မ ၂၈၅ အရာ အင်းတကော်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - အောင်စိုးမိုး