ကွန်းချောင်းဆည် ကျိုးမည်ကို ဒေသခံများ စိုးရိမ်
နော်နိုရင်း
·
August 16, 2011
ပဲခူးတိုင်း ဖြူးမြို့ အနောက်တောင်ဘက် ကိုးမိုင်ခန့်အကွာမှာရှိတဲ့ ကွန်းချောင်းဆည် ကျိုးမှာကို ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကစပြီး မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် မြေပြိုမှုတွေဖြစ်ပွားရာမှာ ကွန်းချောင်းဆည်အတွင်း မြေပြိုကျခဲ့တဲ့အတွက် ဆည်ရေလျှံမှုဖြစ်ပွားခဲ့ပါတယ်။
ရေလျှံနေတဲ့ ဆည်ရေတံခါးဖွင့်ဖို့လည်း ဆည်တံခါးနားမြေပြိုတဲ့အတွက် ရေတံခါးဖွင့်မရဖြစ်နေပြီး ကွန်းချောင်းဆည်ကျိုးမှာကို ဒေသခံတွေ စိုးရိမ်နေကြောင်း ဖြူးမြို့ခံတဦးက အခုလို ပြောပါတယ်။
“နောက်ကတောင်ကြောကြီးပဲ ရှိတယ်ဆိုတော့ တောင်ပေါ်က မိုးအားနဲ့ရေကျတော့ မြေကပြိုပြီး ဆည်ထဲကို ဆင်းသွားတာ။ အလယ်က မျှော်စင်ရှိတယ်။ အဲ့ဒီလူလျှောက်လမ်းလည်း မြေကြီးအားကြောင့် ကျိုးသွားတယ်ပြောတယ်။ အဲဒီမြေကြီးက အောက်ခြေကိုဆင်းသွားတော့ အောက်ခြေမှာ ရေလွှဲပေါက် သုံးပေါက်ရှိတယ်။ အဲဒီမှာ သွားပုံတော့ ရေပေါက်တွေက ဖွင့်မရဘူး။ ဖွင့်မရတော့ ရေက လျှံလာတယ်။ လျှံလာတော့ အခုက စိုးရိမ်စရာတော့ ရှိတာပေါ့။”
ရေတံခါးဖွင့်နိုင်ရေး အာဏာပိုင်တွေဘက်ကလည်း ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။ ဆည်အောက်တလျှောက် ရွာပေါင်း ၁၀ ရွာထက်မနည်းရှိသလို လယ်ကွင်းအတော်များများလည်း ရှိနေပါတယ်။