Home
ရုပျသံ
ဒေါ်အောင်ဆန်းစုကြည် ၀န်ကြီးဌာန ၃ ခုကို ဦးဆောင်မည့်အပေါ် ဒေါက်တာဇော်မြင့်မောင် ပြောကြားချက် (ရုပ်သံ)
DVB
·
March 21, 2016
10168050_198978273810137_5232902662550483085_n
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်က ၀န်ကြီးဌာန ၃ ခုလောက်ကို ဦးဆောင်သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်ကို မေးမြန်းခဲ့တဲ့ အခါမှာတော့ “၂၁ ဌာနရှိတာကို ၁၈ ယောက်ထဲနဲ့ ဦးဆောင်မယ်ဆိုတော့ တချို့ ပုဂ္ဂိုလ်တွေကတော့ ဌာနတခု နှစ်ခုကို ကိုင်ကြမှာပေါ့။ အဲလိုကနေ ထင်မြင်ယူဆလာကြတဲ့ အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်ဟာနဲ့ နီးစပ်တယ်၊ ဘာတွေလုပ်ကိုင်မယ်ဆိုတာတွေ ဖြစ်လာတာပေါ့” လို့ဖြေကြားခဲ့ပါတယ်။ အန်အယ်လ်ဒီက အစိုးရဖွဲ့ခွင့်ရတဲ့အတွက် အစိုးရမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တဲ့ နေရာယူမှာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ “ငါတို့မှာ အရေးကြီးတဲ့ Post က ဘာလဲဆိုတော့ ကာလုံလည်းရှိနေတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုတာကလည်း ဌာနကြီးရှိနေသေးတယ်။ ကာကွယ်ရေးဘက်ပါတဲ့ List တွေကလည်း ရှိနေ သေးတာပဲ။ ကာလုံရှိတယ် ဒါစဉ်းစားဖို့ပဲ” လို ပြောဆိုခဲ့ပါသေးတယ်။ ရုပ်သံ - အောင်ကိုကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024