Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်များ အကျပ်အတည်းကြုံနေဟု ဗိုလ်ချုပ်ကြီး အင်ဘန်လပြော
DVB
·
February 18, 2016
12744105_1290812617611953_289093087101489061_n
12743526_1290812577611957_4784579964559515243_n
12715230_1290814337611781_7987194734034403842_n
တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစုဖြစ်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ရဲ့ တိုးချဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖေဖော်ဝါရီ ၁၈ ရက် မနက်က စတင်ကျင်းပနေပါတယ်။ ၂ ရက်ကြာကျင်းပမယ့် ဒီအစည်းအဝေးမှာ သဘာပတိအဖြစ် တာဝန်ယူတဲ့  ယူအန်အက်ဖ်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုဟာ ယနေ့အချိန်မှာ အကျပ်အတည်းနဲ့ ကြုံတွေနေရတဲ့အတွက် အလေးထားဆွေးနွေးကြဖို့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ အဖွဲ့ဝင်တွေကို တိုက်တွန်းပြောကြားသွားပါတယ်။ “ဒီအချိန်မှာကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးရဲ့ အကျပ်အတည်း တော်တော်များများရှိနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်၊ ဒီတော့ ဒီနေ့အစည်းအဝေးမှာဆိုရင် အဖွဲ့ဝင်အသီးသီးအားလုံး စိတ်ရှည်လက်ရှည်နဲ့ ဆွေးနွေးပြီးတော့ အဖြေကောင်းရရှိရေးအတွက်လည်း ကျနော်တို့ အရေးတကြီး ဆွေးနွေးရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကိုယ်စားလှယ်တော်များက ဆွေးနွေးပွဲလုပ်ရာမှာ ပေါ့ပေါ့ဆဆ သဘောမထားပဲနဲ့ လေးလေးနက်နက်စဉ်းစားပြီးတော့ ဆွေးနွေးခဲ့ကြဖို့ တိုက်တွန်းလိုပါတယ်” ယူအန်အက်ဖ်စီကို ၂၀၁၁ ခုနှစ်က လက်နက်ကိုင် တိုင်းသားအဖွဲ့တွေနဲ့ ဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၁၁ ဖွဲ့ ထဲက အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ထိုးထားတဲ့ ကေအန်ယူ၊ ပအိုဝ်းနဲ့ ချင်းတပ်မတော်တို့ကို ယူအန်အက်ဖ်စီက အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ထားပါတယ်။ ဓာတ်ပုံ - ကိုမောင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024