ဇေကမ္ဘာဝင်းအနီးဖမ်းမိသည့် မူးယစ်ဆေးဝါးမှု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်နေ
DVB
·
November 18, 2015

မြန်မာနိုင်ငံမှာ ပမာဏအများဆုံး ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးမှုဟာ တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့နဲ့ ဆက်နွှယ်ပတ်သက်နေကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဗဟိုအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။
မြန်မာပြည်အထက်ပိုင်း ရှမ်းပြည်နယ်ဘက်ကနေ ရန်ကုန်၊ ရန်ကုန်မှ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ့်နိုင်ငံကို သယ်ဆောင်ဖို့ ပြုလုပ်နေစဉ် မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအနီး ဖမ်းမိလိုက်တဲ့ WY စိတ်ကြွဆေးပြား ၂၆ သန်းကျော် အမှုကနေ ဒီဆေးပြားတွေရဲ့ ပင်မဇစ်မြစ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့နဲ့ ပက်သက်နေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဘယ်လက်နက်ကိုင်အဖွဲ့ဆိုတာကိုတော့ အတည်မပြုနိုင်သေးကြောင်း၊ လက်ရှိ ဝရမ်းထုတ်ထားဆဲ တရားခံပြေးတွေ့မိရင်တော့ ဖော်ထုတ်နိုင်လိမ့်မယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဗဟိုအဖွဲ့ အကြီးအကဲက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါမူးယစ်မှုအပါအဝင်ရန်ကုန်မှာ နောက်ထပ် မိခဲ့တဲ့ မူးယစ်မှု ၅ မှုကနေ ဆေးပြား စုစုပေါင်း ၃၄ သန်းကျော် ဖမ်းမိခဲ့ပြီး လက်ရှိ ဒီအမှုမှာ ပါဝင်ပတ်သက်သူ ၁၃ ဦးကို ဖမ်းဆီးထားကြောင်းနဲ့ လာမယ့် သီတင်းပတ်မှာ ရုံးတင်တော့မှာဖြစ်ပါတယ်။