Home
မြန်မာသတင်း
၅၀၀၀ တန် ငွေဒင်္ဂါး ထုတ်ဝေမည်
ပိုင်စိုး
·
November 5, 2015
5000 Notes
11011259_785261424935059_532610192898090905_n
12189535_785261481601720_5582080907474422380_n
ပြည်ထောင်စုအစိုးရအဖွဲ့ ပထမသက်တမ်း အထိမ်းအမှတ်အဖြစ် ၅၀၀၀ တန် ငွေဒင်္ဂါးတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။ အဲဒီဒင်္ဂါးကို ငွေသား ၉၂ ဒသမ ၅၀ ရာခိုင်နှုန်းနဲ့ သွန်းလုပ်ထားပြီး အလေးချိန် ၂၀ ဂရမ် ရှိမှာပါ။ ဒင်္ဂါးရဲ့ ရှေ့ဘက်မှာ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ရိုက်နှိပ်ထားပြီး တံဆိပ်အောက်ဘက်မှာ ၅၀၀၀ ကျပ်နဲ့ ၂၀၁၅ လို့ ပါပါတယ်။ ရှေ့ဘက်ပတ်လည် အပေါ်ဘက်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ အောက်ဘက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်လို့ သွန်းလုပ်မှာပါ။ ဒင်္ဂါးရဲ့ ကျောဘက်မှာတော့ ဆင်ဖြူတော်ပုံ ရိုက်နှိပ်ထားပြီး အောက်မှာ အင်္ဂလိပ်လို 5000 Kyats နဲ့ 2015 လို့ ပါပါတယ်။ ငွေဒင်္ဂါးကျောဘက် ပတ်လည် အပေါ်ဘက်မှာ THE GOVERNMENT OF THE REPUBLIC OF THE UNION OF MYANMAR လို့ ရေးထိုးထားပြီး အောက်ဘက်မှာ CENTRAL BANK OF MYANMAR လို့ ပါရှိမှာပါ။ ဒီငွေဒင်္ဂါးတွေကို အကန့်အသတ်နဲ့ သွန်းလုပ်တာဖြစ်ပြီး ၀ယ်ယူမယ်ဆိုရင်တော့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း အရောင်းဆိုင်တွေမှာ ငွေကျပ် ၃၀၀၀၀ နှုန်းနဲ့ ရောင်းချသွားမယ်လို့  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားပြီး ဘယ်တော့ထုတ်ဝေမယ် ဆိုတာတော့ မသိရသေးပါဘူး။ ဓာတ်ပုံ - အမ်အိုအိုင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024