Home
မြန်မာသတင်း
အခြေခံပညာကျောင်းများ၏ စာမေးပွဲများ စတင်ဖြေဆို
DVB
·
February 13, 2024

အခြေခံပညာကျောင်းတွေရဲ့ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲနဲ့ အတန်းပြီးမြောက်မှု စစ်ဆေးတဲ့ စာမေးပွဲတွေကို ဒီနေ့ စတင်ဖြေဆိုနေပြီလို့ သိရပါတယ်။

၂၀၂၃-၂၄ ပညာသင်နှစ် အခြေခံပညာအတန်းတွေရဲ့ နှစ်ဆုံးစာမေးပွဲ၊ အတန်းပြီးမြောက်မှု စာမေးပွဲတွေကို ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စတင်ကျင်းပနေပြီး တရက်ကို ၁ ဘာသာနှုန်းနဲ့ အခုလ ၂၀ ရက်နေ့အထိ ကျင်းပမယ်လို့ စစ်ကောင်စီပညာရေးဌာနက ကြေညာထားပါတယ်။

အခြေခံပညာမူလတန်း အဆင့်ပြီးမြောက်မှုစာမေးပွဲ Grade-5 ကို အခုလ ၂၂ ရက်ကနေ ၂၇ ရက်အထိ ကျင်းပမှာဖြစ်ပြီး အလယ်တန်းအဆင့် ပြီးမြောက်မှု Grade-9 စာမေးပွဲကို အခုလ ၂၂ ရက်ကနေ ၂၈ ရက်အထိကျင်းပမှာဖြစ်ကာ ကျန်တဲ့အတန်းတွေရဲ့ စာမေးပွဲတွေကိုတော့ ဒီနေ့ကနေ စတင်ကျင်းပနေတာပါ။

အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်မှု စစ်ဆေးခြင်း Grade-12 စာမေးပွဲကို အခုလ ၁၃ ရက်ကနေ ၂၀ ရက်အထိ ကျင်းပမှာဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ မတ်လထဲ ကျင်းပမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်(ကရင်နီ) ဘက်က ကျောင်းတွေ တော်တော်များများကတော့ ကျောင်းဖွင့်နိုင်တာမျိုးမရှိသလို စာမေးပွဲဖြေဆိုလိုတဲ့ ကျောင်းသားကျောင်းသူတွေကို နီးစပ်တဲ့ ဒေသကကျောင်းတွေမှာ စာမေးပွဲဖြေဖို့ လုပ်ဆောင်ပေးထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024