Home
မြန်မာသတင်း
ဆောမြို့နယ်တွင် ရဲတပ်သား ၂ ဦးကို ပကဖက ဖမ်းဆီး
DVB
·
December 7, 2023

မကွေးတိုင်း ဆောမြို့နယ်မှာ ဒီဇင်ဘာလ  ၃ ရက် မနက်ပိုင်းက  လောင်းရှည်နယ်မြေရဲစခန်းကနေ ထွက်ပြေးလာတဲ့ ရဲတပ်သား ၂ ယောက်ကို  ဖမ်းဆီးရမိခဲ့တယ်လို့ ဆောမြို့နယ် ပကဖကနေ သိရပါတယ်။

လောင်းရှည်နယ်မြေရဲစခန်းက ရဲတပ်သား ၂ ယောက်ဟာ ဒီဇင်ဘာ ၃ ရက် မနက် ၈ နာရီလောက်မှာ ရဲစခန်းကနေ ထွင်ပြေးလာတယ်လို့ သတင်းရရှိတာကြောင့်  လောင်ရှည်တိုက်နယ်ပကဖအဖွဲ့က စလင်းချောင်းနားမှာ ဖမ်းဆီရမိခဲ့တာလို့ ဆောမြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်။

ဖမ်ဆီးရမိခဲ့တဲ့သူတွေကတော လောင်းရှည်ရဲစခန်က လ/၂၇၃၁၃၅ ရဲတပ်သားထက်မြတ်အောင်နဲ့ လ/၂၈၄၄၄၀ ရဲတပ်သားညီညီထွန်းတို့ ဖြစ်ပြီး Fujitsu Laptop တလုံးနဲ့ လက်ကိုင်ဖုန်း ၂လုံး သိမ်းဆည်းရရှိခဲ့ကာ လက်နက်ခဲယမ်းတွေတော့ ပါမလာဘူးလို့ ဆိုပါတယ်။

အဲဒီရဲတပ်သား ၂ ယောက်ကို ဆောမြို့နယ် ပကဖ ထံ လွှဲပြောင်းပို့ပေးလာလို့ သူတို့ကို လုံခြုံစိတ်ချရတဲ့ နေရာမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။

ဆောမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်ကလည်း ဆောမြို့မရဲစခန်းက ရဲတပ်ကြပ်တယောက်ဟာ စစ်ကောင်စီရဲ့ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လို့စိတ်မရှိတော့လို့ ဂန့်ဂေါခရိုင် တပ်ရင်း (၃) ကနေ တဆင့် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024