Home
အားကစား
လန်းစ်နှင့်ပွဲတွင် အန္တရာယ်ရှိ တိုက်စစ်မှူးကို သတိထားရန် အာဆင်နယ်ကို ပီတစ်တိုက်တွန်း
DVB
·
November 29, 2023

လန်းစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူးတဦးကို သတိထားဖို့ အာဆင်နယ်ကို ကစားသမားဟောင်းဖြစ်သူ အီမန်နူယယ် ပီတစ်က တိုက်တွန်းသွားပါတယ်။

ပြင်သစ်ကလပ် လန်းစ်ဟာ ပထမအကျော့ပွဲစဉ်တုန်းက အာဆင်နယ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ဒီကနေ့ညမှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မှာ လန်းစ်တိုက်စစ်မှူး အယ်လီဝါဟီကို သတိထားဖို့ အာဆင်နယ်ကို ပီတစ်က တိုက်တွန်းခဲ့တာပါ။

အသက် ၂၀ ပဲရှိသေးတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ ပထမအကျော့မှာကတည်းက အာဆင်နယ်ဘက်ကို တဂိုးသွင်း၊ တဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပြီး အကောင်းဆုံးကစားသမားဆု ရရှိခဲ့သူပါ။

အမ်းမရိတ်မှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မှာလည်း အယ်လီဝါဟီကို သတိထားဖို့လိုပြီး သူဟာ အမှန်တကယ် အန္တရာယ်ရှိတဲ့တိုက်စစ်မှူးဖြစ်လို့ အာဆင်နယ်ခံစစ်က မျက်ခြည်မပြတ် စောင့်ကြည့်ကစားရဖို့ လိုအပ်ကြောင်း ပီတစ်က တိုက်တွန်းသွားပါတယ်။

အာဆင်နယ်ဟာ ဒီပွဲမှာ သရေတမှတ်ရမယ်ဆိုရင် နောက်တဆင့်တက်ရောက်ခွင့် ရမှာဖြစ်ပါတယ်။

Arsenal - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024