နယူးကာဆယ်အသင်းရဲ့ ပြင်းပြတဲ့ကစားပုံကို သတိထားဖို့လိုအပ်ကြောင်း ပီအက်စ်ဂျီနည်းပြ အင်းနရစ်က ပြောသွားပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပထမအကျော့မှာ နယူးကာဆယ်ကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒီကနေ့ညမှာ အိမ်ကွင်းမှာ ပြန်လည်ရင်ဆိုင်သွားရမှာပါ။
ချဲလ်ဆီးအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ နယူးကာဆယ်ကစားသမားတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာပြီး ကစားသမား ၆ ယောက်လောက်က ပြင်းပြင်းထန်ထန်ဖိ အားပေးကစားနိုင်ကာ တချိန်တည်းမှာပဲ ၈ ဦး အထိလည်း ဖိအားပေးကစားနိုင်စွမ်းရှိတယ်လို့ နည်းပြအင်းနရစ်က ပြောပါတယ်။
ပီအက်စ်ဂျီနည်းပြအင်းနရစ်က“ပွဲစဉ်အတွင်းမှာ သူတို့ရဲ့ ပြင်းပြတဲ့ကစားပုံနဲ့ ဘောလုံးလုယူဖို့ ဖိအားပေးမှုတွေအတွက် ကျနော်တို့ဘက်က ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။
အုပ်စုတွင်းက အသင်းတွေကြားမှာ အမှတ်ကွာဟမှု ကျဉ်းမြောင်းတာကြောင့် ပွဲစဉ်တိုင်းက အုပ်စုတက်ရေးအတွက် အဆုံးအဖြတ်ဖြစ်ကြောင်းလည်း နည်းပြအင်းနရစ်က သုံးသပ်သွားပါတယ်။
Photo - Reuters