အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသတွင်း စစ်ဆင်ရေးနောက်ထပ်အဆင့်ကို ပြင်ဆင်ဖို့ ဟားမတ်စ်နဲ့ ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို အသုံးချနေတယ်လို့ အစ္စရေးစစ်တပ်ပြောရေး ဆိုခွင့်ရှိသူက နိုဝင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။
ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက အစ္စရေး ကလေးတွေနဲ့ အမျိုးသမီး ဓားစာခံ ၁၃ ဦးကို ဂါဇာကနေ ပြန်လွှတ်ပေးခဲ့ပြီး မကြာမီ သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာပါ။
ဟားမတ်စ်တွေက အစ္စရေး မြို့ရွာတွေမှာ လူပေါင်း ၁၂၀၀ ကိုသတ်ခဲ့ပြီး ဓားစာခံ ၂၄၀ လောက်ကို ဖမ်းထားချိန် အောက်တိုဘာ ၇ ရက်ကစပြီး ဓားစာခံတွေကို ဟားမတ်စ် စစ်သွေးကြွတွေက ၄၉ ရက်ကြာ ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ အစ္စရေးရဲ့ စာရင်းတွေက ဆိုပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်အဖွဲ့ကို စစ်ရေးအရ ချေမှုန်းဖို့ အစ္စရေးက လှုံ့ဆော်ခဲ့ ပြီးတဲ့ နောက် ဂါဇာမှာ လူပေါင်း ၁၄၈၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေကို ကိုးကားပြီး အယ်လ်ဂျားဇီးယား သတင်းဌာနက ပြောခဲ့ပါတယ်။
ထိုင်း ၁၀ ဦးနဲ့ ဖိလစ်ပိုင်နိုင်ငံသား တဦးကိုလည်း ဟားမတ်စ်အဖွဲ့က ပြန်ပေးဆွဲခဲ့ပြီး သောကြာနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
Source/Photo-Reuters