Home
မြန်မာသတင်း
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီတွင် တရားမဝင် မြန်မာနိုင်ငံသား ၁၅ ဦး ဖမ်းဆီးခံရ
DVB
·
November 20, 2023

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင် အဝေးပြေးလမ်းမပေါ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားရွေ့ပြောင်းလုပ်သား ၁၅ ဦးကို အမြန်လမ်းရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့(CIB) က ထုတ်ပြန်ပါတယ်။

ကန်ချနာဘူရီခရိုင်၊ ဘန်ခါအို အမှတ် ၁ အဝေးပြေးလမ်းမကြီးမှာ အမြန်လမ်းရဲတပ်ဖွဲ့နဲ့ ဆန်ခလာဘူရီ ရဲစခန်းတို့က ရဲတပ်ဖွဲ့ဝင်တွေ ကင်းလည့်နေစဉ် သာမာန်ထက်ပိုလေး‌လံတဲ့ ပစ္စည်းတွေတင်လာတဲ့ ကားတစီးကိုတွေ့ရှိခဲ့လို့ ရဲအရာရှိက ကားရပ်ဖို့ အချက်ပြခဲ့ပေမဲ့ မရပ်ပဲ  အရှိန်ပြင်းပြင်းနဲ့ မောင်းသွားလို့  လိုက်လံဖမ်းဆီးခဲ့ရပါတယ်။

ထိုင်းနိုင်ငံသား မစ္စတာဆူသီပွန်မှောင်းနှင်လာတဲ့ ကားပေါ်မှာ မြန်မာနိုင်ငံသား ၁၅ ဦးကို တွေ့ရှိခဲ့ရပြီး သူတို့အကုန်လုံး တရားဝင်အထောက်အထားစာရွက်စာတမ်းမပါရှိဘူးလို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါပါတယ်။

ထိုင်းနိုင်ငံသားယာဉ်မောင်းဟာ မြန်မာနိုင်ငံသား ၁၅ ဦးကို ကန်ချနာဘူရီခရိုင်မှ ဆန်ခလာဘူရီခရိုင် ကင်ဆိုင်အန်လမ်းဆုံကို ပို့ပေးတယ်ဆိုတာကို  CIBက ထုတ်ပြန်ခဲ့ပေမဲ့ အသေးစိတ်ကို မသိရပါဘူး။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၁၅ ဦးနဲ့ ထိုင်းနိုင်ငံသားယာဉ်မောင်းတို့ကို ကန်ချနာပူရီရဲစခန်းမှာ ဆက်လက်စစ်ဆေးနေပြီး ဥပဒေနဲ့အ‌ညီအရေးယူသွားမယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့(CIB) ကထုတ်ပြန် ပါတယ်။

Photo Credit- CIB 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024