ခရိုအေးရှားကွင်းလယ်လူ လူကာမိုဒရစ်ဟာ အခုနှစ်ရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွါ သွားတော့မယ်လို့သိရပါတယ်။
အသက် ၃၈ နှစ်ရှိ မိုဒရစ်ဟာ အခုနှစ်ရာသီမှာ ပွဲကစားခွင့် နည်းပါး လာပြီး ဘယ်လင်ဂမ် ခြေစွမ်းပြနေတာကလည်း ပွဲကစားချိန်နည်းပါးဖိုဖြစ်လာကြောင်း စပိန်မီဒီယာတွေက ဖော်ပြပါတယ်။
မိုဒရစ်အနေနဲ့ ရီးရဲလ်မက်ဒရစ်ကနေထွက်ခွါပြီးနောက် ဆော်ဒီလိဂ်ကကလပ်အသင်းတွေရဲ့ ကမ်းလှမ်းချက်တွေကို လက်ခံစဉ်းစားသွားဖို့ စီစဉ်ထားပါတယ်။
မိုဒရစ်ဟာ ၂၀၁၂ ခုနှစ် ကတည်းက စပါးအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီပြောင်းရွှေ့က စားခဲ့တာပါ။ သူဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၁၁ နှစ် ကြာကာလအတွင်းမှာ ဥရောပချန်ပီယံလိဂ် ဆုဖလား ၅ ကြိမ်အပါအဝင် အဓိကဆုဖလား ၂၃ လုံးရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။
Photo-Reuters