ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အင်အားရစ်ချ်တာ စကေး ၆ ဒသမ ၇ ရှိတဲ့ မြေငလျင်တခု နိုဝင်ဘာ ၁၇ ရက်မှာ လှုပ်ခတ်ခဲ့လို့ လူတယောက် သေဆုံးပြီး တခြားလူ ဒါဇင်ချီ ဒဏ်ရာရခဲ့ပါတယ်။
ငလျင်ကြောင့် အဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မင်ဒါနာအို ကျွန်းတောင်ဖျားက စန်တို့စ်မြို့မှာ ဒေသခံတွေဟာ ငလျင်လှုပ်ပြီး ပန်းခြံထဲက ရေကန်မှာ ရေတွေ လှိုင်းထနေပြီး ဂယက်ရိုက်နေတာကို စောင့်ကြည့် ခဲ့ကြပါတယ်။
ငလျင်ဟာ မင်ဒါနာအိုကျွန်းရဲ့ ကမ်းလွန်ပင်လယ်ပြင်က မြေအောက် အနက် ၃၇ ဒသမ ၃ မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ ဂျာမန် ဘူမိသိပ္ပံ သုတေသနဌာန (GFZ) က ပြောပါတယ်။
Source/Photo-Reuters