Home
မြန်မာသတင်း
လွိုင်ကော်တိုက်ပွဲတွင် ကလလတ  အမှတ်-၉၄၂၅ တပ်ရင်းက ရဲဘော် ၃ ဦး ကျဆုံး
DVB
·
November 17, 2023

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) ရဲ့ အမှတ် -၉၄၂၅ တပ်ရင်းက ရဲဘော် ၃ ဦး ကျဆုံးခဲ့ရတယ်လို့ နိုဝင်ဘာ ၁၇ ရက်က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၄ ရက် လွိုင်ကော်မြို့ နာနတ်တောတိုက်ပွဲမှာ  တပ်စုမှူး ရဲဘော်သားချော၊ ဒုတပ်စိတ်မှူး ရဲဘော်ရွှေအေး၊ ရဲဘော်သိန်းရွှေတို့ ကျဆုံးခဲ့ရပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာတော့ စျာပနအခမ်းအနားပြုလုပ်ပြီး ကောင်းမွန်စွာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။

"အစအနတောင် ကောက်လို့မရဘူး။ အပိုင်းပိုင်းဖြစ်သွားတယ်။ တယောက်ပဲ Body (ခန္ဓာကိုယ်)ပြန်ရတယ်။ body တောင်ဟတ်တက်ကွဲသွားတယ်။ တည့်ကျသွားတာ။ ကျနော်တို့ပေးဆပ်ရတာလည်း တအားများတယ်"လို့ တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေရှိရေး လုပ်ငန်းစဥ်တွေကို ဖော်ဆောင်ရင်း ကျဆုံးခဲ့ရတဲ့အတွက် အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ထား အလေးနီပြုတယ်လို့ ဆိုပါတယ်။

၁၁၁၁ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူ အယောက် ၁၀၀ ကျော်ရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ကျဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က လွိုင်ကော်မြို့ထဲမှာ နေ့စဥ်နေ့တိုင်း လက်နက်ကြီးနဲ့အဆက်မပြတ် ပစ်ခတ်နေတဲ့အပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြည်သူ အယောက် ၅၀ ကျော် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများပြားကာ နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးနေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024