အာဆင်နယ်နောက်ခံလူ ဆာလီဘာရဲ့ ကလပ်အသင်းနဲ့ နိုင်ငံအသင်းက အခြေအနေချင်း မတူညီ ကြောင်း ပြင်သစ်နည်းပြဒေးရွှန့်က ပြောသွားပါတယ်။
ဆာလီဘာဟာ အာဆင်နယ်မှာ အဓိကနောက်ခံလူတစ်ဦးအဖြစ် တောက်လျှောက်ခြေစွမ်းပြနေပေမဲ့ ပြင်သစ်အသင်းမှာတော့ အခုနှစ်အတွင်းမှာ နှစ်ပွဲသာကစားခွင့်ရခဲ့တာပါ။
ပြင်သစ်နည်းပြ ဒေးရွှန့်ကတော့ ဆာလီဘာဟာ အာဆင်နယ်မှာ ခြေစွမ်းပြနေပေမဲ့ ပြင်သစ်အသင်းမှာတော့ အလှည့်ကျစနစ်နဲ့ ပွဲထွက်ကစားခွင့်ပေးနေတာကြောင့် အခြေအနေချင်း မတူကြောင်း ဒေးရွှန့်ကပြောပါတယ်။
ဒါပေမဲ့ ဆာဘီဘာကို နောက်ထပ်တဆင့် တက်လှမ်းနိုင်ဖို့ ကူညီပေးသွားမှာဖြစ်ကြောင်း နည်းပြ ဒေးရွှန့်ကပြောသွားပါတယ်။ ဆာလီဘာဟာ ပြင်သစ်အတွက် စုစုပေါင်း ၆ ပွဲ သာကစားခွင့်ရရှိပါသေးတယ်။
Photo-Reuters