ချဲလ်ဆီးအသင်းဟာ ဘရာဇီးကြယ်ပွင့်ကစားသမား မော့စ်ကာဒိုကို ပြိုင်ဘက်အသင်းတွေ ထက်လက်ဦး မူရယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ကိုရင်သီယန်ကွင်းလယ်ကစားသမား ဂါဘရီယယ်မော့စ်ကာဒိုကို အာဆင်နယ်နဲ့ လီဗာပူးအသင်းတွေကလည်း ခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပြီး ချဲလ်ဆီးအသင်းက လက်ဦးမှုရယူကာ ခေါ်ယူဖို့ ကြိုးပမ်းလာတာပါ။
ပေါင် ၂၆ သန်း တန်ကြေး သတ်မှတ်ထားတဲ့ မော့စ်ကာဒိုဟာ ဒီရာသီမှာ ချဲလ်ဆီးအသင်းကခေါ်ယူမဲ့ လေးယောက်မြောက် ဘရာဇီးကြယ်ပွင့် ကစားသမားဖြစ်လာဖို့ရှိပါတယ်။
ချဲလ်ဆီးအသင်းဟာ ဘရာဇီးကြယ်ပွင့်တွေဖြစ်တဲ့ အန်ဒရီဆန်းတို့စ်၊ အိန်ဂျယ်လိုဂါဘရီယယ်နဲ့ ဝါရှင်တန်တို့ကိုလည်း ဘရာဇီးကလပ်တွေကနေ အသီးသီးခေါ်ယူစာချုပ်နိုင်ခဲ့ပါတယ်။
Photo-Reuters