Home
နိုင်ငံတကာ
သြစတြေးလျ၌ ကားတစီးက လူအုပ်ထဲကို ဝင်တိုက်မိသဖြင့် ကလေးငယ် ၂ ဦး အပါအဝင် ၅ ဦး သေဆုံး
DVB
·
November 6, 2023

သြစတြေးလျနိုင်ငံရဲ့ နာမည်ကြီး ခရီးသွားမြို့ငယ်လေးတခုမှာ ကားတစီးက လူအုပ်ထဲကို ဝင်တိုက်မိခဲ့တာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးခဲ့တယ်လို့ နိုဝင်ဘာ ၆ ရက်မှာ အာဏာပိုင်တွေက အတည်ပြုပါတယ်။

မဲလ်ဘုန်းမြို့ရဲ့ အနောက်မြောက်ဘက် ၆၈ မိုင်အကွာက ဒယ်စ်ဖို့တ် မြို့လေးမှာ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ရာမှာတင် လူ ၄ ဦး သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် လေကြောင်းကတဆင့် ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတဲ့ မိန်းကလေးတဦးလည်း မကြာခင်မှာပဲ ကွယ်လွန်သွားခဲ့တယ်လို့ ဗစ်တိုးရီးယား ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

SUV အမျိုးအစား ကားတစီးဟာ ပလက်ဖောင်းဘောင်ပေါ် ကျော်လွန်ပြီး ရွိုင်ရယ် ဒယ်စ်ဖို့တ် ဟိုတယ်အပြင်ဘက်က မြက်ခင်းပြင်ဧရိယာထဲကို ဖြတ်သန်းမောင်းနှင်ခဲ့တာကြောင့် ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

အသက် ၆၆ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူကတော့ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေနဲ့အတူ ဆေးရုံကို ရောက်ရှိနေတယ်လို့ သတင်းစာရှင်းလင်းပွဲအတွင်း ရဲမင်းကြီး ရှိန်းပတ်တန်က မှတ်ချက်ပေးပါတယ်။

ဒီယာဉ်မောင်းရဲ့ အသက်ရှူလမ်းကြောင်းကို အရက်သောက်သုံးထားခြင်း ရှိ၊ မရှိ စစ်ဆေးရာမှာလည်း အယ်လ်ကိုဟောဓာတ် မတွေ့ရှိရဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လာမယ့် တနင်္လာနေ့အတွင်း သူဆေးရုံကဆင်းလာချိန်မှာ သူ့ကိုစစ်ဆေးမေးမြန်းဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024