Home
နိုင်ငံတကာ
တောင်ကိုရီးယားကုမ္ပဏီက သြစတြေးလျအတွက် တိုက်ခိုက်ရေးယာဉ် ၁၂၉ စီး တည်ဆောက်မည်
DVB
·
July 27, 2023

တောင်ကိုရီးယားရဲ့ အကြီးဆုံး ကာကွယ်ရေးကုမ္ပဏီ ဟန်းဟွာ အာကာသလုပ်ငန်းဟာ ဇူလိုင် ၂၇ ရက်မှာ ဂျာမနီနိုင်ငံအခြေစိုက် ရိုင်းမက်တယ်လုပ်ငန်းကို အနိုင်ရရှိခဲ့ပြီး ခြေလျင်တိုက်ခိုက်ရေးယာဉ် ၁၂၉ စီး တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၄ ဘီလီယံ တန်ကြေးရှိတဲ့ စာချုပ်ကို အနိုင်ရခဲ့ပါတယ်။

ကာကွယ်ရေးစက်မှုဝန်ကြီး ပတ်ကွန်ရွိုင်းက သြစတြေးလျစစ်တပ်သမိုင်းမှာ အကြီးဆုံး စီမံကိန်းတွေထဲကတခုလို့ ဖော်ပြထားတဲ့ ဒီသဘောတူညီချက်ဟာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံကနေ ၄ ဒသမ ၇၄ ဘီလီယံအထိ ရှိနိုင်ပါတယ်။

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်က ဟန်းဟွာရဲ့ စက်ရုံတွေမှာ တည်ဆောက်မယ့် ယာဉ်အသစ်တွေဟာ ၁၉၆၄ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တဲ့ M113 သံချပ်ကာယာဉ်တွေကို အစားထိုးမှာပါ။

တရုတ်က သူ့သြဇာကို တိုးမြှင့်ဖို့ ကြိုးပမ်းနေတဲ့ ပစိဖိတ်ဒေသထဲမှာ ပြောင်းနေတဲ့ ဗျူဟာမြောက် ပတ်ဝန်းကျင်ကို ကိုးကားပြီး သြစတြေးလျက သူ့ရဲ့ ကာကွယ်ရေးစွမ်းရည်ကို အဆင့်မြှင့်တင်နေပါတယ်။

ကွန်ရွိုင်းက ပထမယာဉ်ကို ၂၀၂၇ အစောပိုင်းမှာ ပို့ဆောင်နိုင်စေဖို့နဲ့ စီစဉ်ထားတာထက် ၂ နှစ်စောပြီး ၂၀၂၈ ခုနှစ်မှာ နောက်ဆုံးယာဉ်ကို ပေးပို့နိုင်စေဖို့ အစိုးရက လုပ်ငန်းစဉ်ကို အရှိန်မြှင့် ဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024