ဒီမနက်အစောပိုင်း ကန်သွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ မန်ချက်စတာယူနိုက်တက်က အိုးထရက်ဖို့ အိမ်ကွင်းမှာ ကိုပင်ဟေဂင်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
မန်ယူအတွက် အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် ၇၂ မိနစ်မှာ အဲရစ်ဆင်ရဲ့ ပေးပို့မှုကနေ မက်ဂွဲယားကသွင်းယူပေးခဲ့တာဖြစ်ပြီး ဒီပွဲရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း မက်ဂွဲယားကပဲ ရရှိသွားပါတယ်။
ဒီပွဲမှာ ဒုတိယပိုင်း ပွဲချိန်ပြီး နာကျင်အချိန်ပို နောက်ဆုံး ၄ မိနစ်အရောက်မှာ ကိုပင်ဟေဂင်က ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမဲ့ မန်ယူဂိုးသမား အိုနားနား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့ မန်ယူအသင်း အဖိုးတန် ၃ မှတ်ရရှိခဲ့ပါတယ်။
မန်ယူနဲ့ အုပ်စုတွင်းပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဂါလာတာစာရေးတို့ ပွဲစဉ်မှာတော့ ဘိုင်ယန်အသင်းက ဟယ်ရီကိန်းရဲ့ သွင်းဂိုးအပါအဝင် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲစဉ်တွေအပြီးမှာတော့ ဘိုင်ယန်မြူးနစ်က ရမှတ် ၉ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာရပ်တည်နေပြီးဂါလာတာစာရေးက ရမှတ် ၄ မှတ်နဲ့ အုပ်စု ဒုတိယ၊ မန်ယူက ရမှတ် ၃ မှတ်နဲ့ တတိယ၊ ကိုပင်ဟေဂင်ကတော့ ရမှတ် ၁ မှတ်နဲ့ အုပ်စုနအောက်ဆုံးမှာ ရပ်တည်နေပါတယ်။
တခြားအုပ်စုတွေမှာတော့ အာဆင်နယ်က ဆီဗီလာကို ၂ ဂိုး ၁ ဂိုး၊ ရီးရဲလ်မက်ဒရစ်က စပို့တင်းဘရာဂါကို ၂ ဂိုး ၁ ဂိုးနဲ့ အသီးသီးအနိုင်ရသွားပါတယ်။
Photo-Reuters