မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ငွေအလုံအလောက်မရှိတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရ တယ်လို့သိရပါတယ်။
ယူနိုက်တက်ဟာ ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်ကို ပေါင် ၅၅ သန်းအပြင် အပိုထပ်ဆောင်းကြေး ငွေကြေးပေါင် ၅ သန်းပါပေးပြီး ခေါ်ယူနိုင်ခဲ့ပြီးနောက် တိုက်စစ်နဲ့ ဂိုးသမားနေရာတွေမှာ ခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတာပါ။
တိုက်စစ်မှူးခေါ်ယူဖို့အတွက် ပေါင် ၆၅ သန်းလောက်သာ ဘက်ဂျက်ကျန်ရှိတော့တာကြောင့် ထိပ်တန်းတိုက်စစ်မှူး ခေါ်ယူလို့ရမှာမဟုတ်ကြောင်း မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြပါတယ်။
ယူနိုက်တက်အသင်းခေါ်ယူဖို့ ရည်မှန်းထားတဲ့ တိုက်စစ်မှူးတွေထဲမှာ ဟယ်ရီကိန်း၊ အိုဆင်ဟမ်နဲ့ ဖရန့်ဖတ်တိုက်စစ်မှူး ကိုလိုမူအမ်နီ၊ အက်တလန်တာ တိုက်စစ်မှူး ဟော့ဂျ်လန်း၊ ဘင်ဖီကာတိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်တို့ ပါဝင်ပါတယ်။
အဲဒီတိုက်စစ်မှူးတွေဟာ အနည်းဆုံးပေါင်သန်း ၇၀ လောက်ကနေ ပေါင်သန်း ၁၅၀ လောက်ပေးချေရနိုင်ပြီး ယူနိုက်တက်အနေနဲ့ လက်ကျန်ဘတ်ဂျက် အနေအထားအရ ခေါ်ယူဖို့အခက်အခဲရှိနေတာပါ။
ယူနိုက်တက်အနေနဲ့ မာစီယယ်၊ မက်ဂွဲယားနဲ့ တွန်မီနေးတို့အပါအဝင် အသင်းရှိ တခြားကစားသမားတွေကို ရောင်းထုတ်နိုင်မှသာ အပြောင်းအရွှေ့အတွက် ဘတ်ဂျက် ပိုမိုရရှိနိုင် မယ်လို့သိရပါတယ်။