Home
နိုင်ငံတကာ
ထိုင်း ဘန်ကောက်ကုန်တိုက် ပစ်ခတ်မှုအပြီး ကမ္ဘာလှည့်ခရီးသွားဝင်ရောက်နှုန်း သိသာစွာကျဆင်း 
DVB
·
October 12, 2023

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အောက်တိုဘာ ၃ ရက်က ဆယမ်ပါရာဂွန်ကုန်တိုက်ကြီးအတွင်း လူသေဆုံးခဲ့ရတဲ့ သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေ အထူးသဖြင့် တရုတ်ခရီးသွားတွေ လာရောက်မှု သိသာစွာကျဆင်းသွားတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံကလာတဲ့ ခရီးသွားဧည့်သည်တွေဟာ အရင်ပတ်ကနဲ့စာရင် ခုတပတ်တွင်း ၇၅၀၉၃ ဦး လျော့နည်းသွားတယ်လို့ ထိုင်းနိုင်ငံ အားကစားနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီး နန်းဆောင် ဆုဒါဝမ်း ဝမ်ဆုဖကစ်ကိုးဆွန်က အောက်တိုဘာ ၁၀ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အခုလို ခရီးသွားဧည့်သည်တွေ လျော့နည်းသွားရတာဟာ ဆယမ်ပါရာဂွန်ကုန်တိုက်ပစ်ခတ်မှုကြောင့် သူတို့လုံခြုံ‌ရေးကို စိတ်မချရတာကတကြောင်း၊ နားရက်များတဲ့ Golden Week ကာလမှာ လူကြပ်တာကို ရှောင်ကြဉ်တဲ့အနေနဲ့ ပြန်သွားကြတာလို့ ဆိုပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ စာရင်းတွေအရ နိုင်ငံခြားခရီးသွားဧည့်သည် ၄၉၇၉၆၆ ဦးကနေ ၅၄၄၅၃ ဦးထိ  ၉ ဒသမ ၈၆ ရာခိုင်နှုန်း ကျဆင်းသွားတယ်၊ ခရီးသွားဧည့်သည်ဦးရေ အကျဆင်းဆုံး ၅ နိုင်ငံမှာ မလေးရှား ၂၀ ဒသမ ၄၃ ရာခိုင်နှုန်း ၊ တရုတ် ၂၉ ဒသမ ၄၇ ရာခိုင်နှုန်း ၊ အိန္ဒိယ ၈ ဒသမ ၂၂ ရာခိုင်နှုန်း၊ တောင်ကိုးရီးယား ၂၆ ဒသမ ၇၇ ရာခိုင်နှုန်း၊ လာအို ၁ ဒသမ ၁၆ ရာခိုင်နှုန်းတို့ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ လတ်တလောဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ပဋိပက္ခ ရိုက်ခတ်မှုကြောင့် လာမယ့်အပတ်တွေထဲမှာ ထိုင်းကိုလာမယ့် နိုင်ငံခြားခရီးသွားဧည့်သည်တွေ ဆက်ပြီးလျော့နည်းသွားမယ့် အခြေအနေမှာရှိတယ်လို့လည်း ထိုင်းခရီးသွားဝန်ကြီးက ပြောပါတယ်။

ဒါကြောင့် ရှေ့အပတ်ထဲမှာ ခရီးသွားဦးရေ ၄၈၀၀၀၀ သာ ကျန်ရှိမှာဖြစ်ကြောင်း၊ အောက်တိုဘာ ၉ ရက် စာရင်းအရ အောက်တိုဘာ ၂ ရက်မှ ၈ ရက်နေ့အထိ ထိုင်းကိုဝင်လာတဲ့ ခရီးသွားဧည့်သည် ၄၉၇၉၆၆ ဦးရှိပြီး ပျှမ်းမျှအားဖြင့် ၁ နေ့ ၇၁၁၃၈ ဦးရှိပါတယ်။

ဒီနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ကနေ့ထိ ထိုင်းကိုလာတဲ့ ကမ္ဘာလှည့်ခရီးသွား ၂၀၅၄၉၅၀၁ ဦးရှိပြီး တိုင်းပြည်ဝင်ငွေ ဘတ်သန်းပေါင်း ၈၆၁၈၄၅ သန်း ရခဲ့တယ်၊ ခရီးသွားဦးရေအများဆုံးမှာ မလေးရှား ၇၆၄၃၂ ဦး၊ တရုတ် ၇၅၀၉၃ ဦး၊ အိန္ဒိယ ၃၄၀၂၀ ဦး၊ တောင်ကိုးရီးယား ၃၀၇၄၂ ဦး၊ လာအို ၂၄၀၃၀ ဦးတို့ ဖြစ်တယ်လို့ ထိုင်းအားကစားနဲ့ ကမ္ဘာလှည့်ခရီးသွားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၃ ရက်နေ့က ဘန်ကောက် ပထုမ်ဝမ်းနယ်မြေ ဆယမ်ပါရာဂွန်ကုန်တိုက်ထဲမှာ အသက် ၁၄ နှစ်ရွယ် ထိုင်းလူငယ်တစ်ဦးက သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် မြန်မာနိုင်ငံသား ၁ ဦး၊ တရုတ်နိုင်ငံသား ၁ ဦး သေဆုံးခဲ့ရပြီး ထိုင်း ၃ ဦး၊ တရုတ် ၁ ဦး၊ လာအိုနိုင်ငံသား ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

PHOTO-PRACHACHAT

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024