မန်ယူကွင်းလယ်ကစားသမားသစ် အမ်မရာဘတ်ဟာ ဒဏ်ရာအခြေအနေကြောင့် ဘရိုက်တန်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။
နည်းပြတန်ဟတ်ဂ်အတွက် နောက်ထပ် ခေါင်းခဲစရာကိစ္စတစ်ခု ဖြစ်လာခဲ့ပြီး အမြန်ဆုံး ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်နေပါတယ်။
အမ်မရာဘတ်ဟာ မော်ရိုကိုအသင်းနဲ့အတူ အာဖရိကဖလားခြေစစ်ပွဲကစားဖို့ ပူးပေါင်းလေ့ကျင့်ချိန်မှာ နောက်ကျောဒဏ်ရာရရှိခဲ့တာပါ။
အသင်းဆီ ပြန်ရောက်လာချိန်မှာ ကံမကောင်းစွာနဲ့ ဒဏ်ရာရရှိ လာခဲ့ကြောင်း၊ ဘရိုက်တန်နဲ့ပွဲစဉ်မှာ ပါဝင်ဖို့မရှိပေမဲ့ မကြာခင် ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ယူနိုက်တက်အသင်းမှာ မေဆန်မောင့်၊ ဗာရန်း၊ လုခ်ရှောနဲ့ မာလစီယာ တို့က ဒဏ်ရာပြဿနာတွေကြောင့် အနားယူနေရသလို အန်တိုနီနဲ့ ဆန်ချိုတို့ဟာလည်း ပုဂ္ဂိုလ်ရေးပြဿနာတွေကြောင့် အသုံးပြုခွင့်မရရှိသေးတာ ဖြစ်ပါတယ်။
Photo-Reuters