ကွင်းလယ်ဒိုင်ကို ဆဲဆိုဝေဖန်ခဲ့မှုနဲ့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကို အင်္ဂလန်အက်ဖ်အေက အရေးယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်မှူးအီဆက်ခ်ကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်ဂျွန်ဘရွတ်ခ်က ဗန်ဒိုက်ကို တိုက်ရိုက်အနီကတ်ပြပြီးထုတ်ပယ်ခဲ့တာပါ။
ဗန်ဒိုက်ဟာ အနီကတ်ပြသခံရပြီးနောက် ဒိုင်လူကြီးကို ဆဲဆိုဝေဖန်ခဲ့ပြီး အက်ဖ်အေရဲ့စည်း ကမ်းတွေအရ အရေးယူဖို့ဆုံးဖြတ်ခဲ့တာပါ။
ဗန်ဒိုက်အနေနဲ့ အနီကတ်ပြစ်ဒဏ်အတွက် ကနဦး ပွဲပယ်ပြစ်ဒဏ်တစ်ပွဲ ချမှတ်ခံရမှာဖြစ်သလို ဒိုင်လူကြီးကိုဆဲဆိုဝေဖန်မှုအတွက်လည်း နောက်ထပ် ပြစ်ဒဏ်ချမှတ်ခံရတော့မှာဖြစ်ပါတယ်။ ဗန်ဒိုက်အနေနဲ့ စက်တင်ဘာ ၁ ရက်နေ့မတိုင်ခင် အက်ဖ်အေဆီကို ဖြေရှင်းချက် ပေးပို့သွားရမှာဖြစ်ပါတယ်။