မန်ယူနောက်ခံလူ ဗာရန်းဟာ ဒဏ်ရာအခြေအနေ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးဘဲ ရက်သတ္တပတ် ၆ ပတ်အထိ အနားယူရနိုင်တယ်လို့ သိရပါတယ်။
ဗာရန်းဟာ နော်တမ်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပေမဲ့ ဒုတိယပိုင်းစစချင်းမှာပဲ လင်ဒီလော့ဖ်နဲ့ လူစားလဲခဲ့ရတာပါ။
ဗာရန်းရဲ့ ဒဏ်ရာအခြေအနေဟာ ထင်ထားတာထက် ပိုမိုဆိုးရွားနိုင်ပြီး အသင်းနဲ့ လေ့ကျင့်ခန်း မဆင်းနိုင်သေးလို့ အာဆင်နယ်နဲ့ပွဲကို လွဲချော်ဖို့ရှိပါတယ်။
ဘယ်နေရာမှာ ဒဏ်ရာရခဲ့တယ်ဆိုတာ မဖော်ပြပေမဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာမှာ ပွဲကစားဖို့ အဆင်သင့်မရှိသေးကြောင်း သတင်းတွေက ဖော်ပြကြပါတယ်။
မန်ယူအသင်းဟာ မေဆန်မောင့်က တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသလို လုခ်ရှောကလည်း ကြွက်သားဒဏ်ရာကြောင့် အာဆင်နယ်နဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။