ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းချက်တွေကို လက်မခံခဲ့ကြောင်း ရိုးမားနည်းပြ မော်ရင်ညိုက အတည်ပြု ပြောပါတယ်။
မော်ရင်ညိုကို ခေါ်ယူဖို့ အယ်ဟီလယ်အသင်းနဲ့ အယ်အာလီအသင်းတို့က ကမ်းလှမ်းခဲ့တာဖြစ်ပြီး မော်ရင်ညိုက ပယ်ချခဲ့တာပါ။
အဲဒီလို ပယ်ချခဲ့တာဟာ ရိုးမားအသင်းမှာ ဆက်ရှိချင်တာကြောင့်ဖြစ်ပြီး အခက်အခဲတွေကို ရင်ဆိုင်ရတာကို နှစ်သက်ကြောင်း နည်းပြမော်ရင်ညိုက ပြောပါတယ်။
ဒါ့အပြင် တိုက်စစ်မှူး ဒီဘားလားရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ သြဂုတ် ၁ ရက်မှာ စတင် အသက်ဝင်ခဲ့ပြီး စာချုပ်သစ်ချုပ်ဆိုဖို့လည်းရှိကြောင်း မော်ရင်ညိုကပြောသွားပါတယ်။
အသက် ၂၉ နှစ်ရှိ ပေါ်လိုဒီဘားလားဟာ ၂၀၂၂ ခုနှစ်ကမှ ဂျူဗင်တပ်အသင်းကနေ ပြောင်းရွှေ့လာ သူ ဖြစ်ပါတယ်။