ဆောက်သမ်တန်ကွင်းလယ်ကစားသမား လာဗီယာအတွက် လီဗာပူးအသင်းရဲ့ တတိယအကြိမ်ကမ်းလှမ်း ချက် ပယ်ချခံခဲ့ရပါတယ်။
လီဗာပူးအသင်းဟာ တန်းဆင်းသွားခဲ့ရတဲ့ ဆောက်သမ်တန်အသင်းက ဘယ်လ်ဂျီယံကွင်းလယ်လူ လာဗီယာကို ပေါင် ၄၆ သန်းအထိ တိုးမြှင့်ကမ်းလှမ်းခဲ့တာပါ။
ဒါပေမဲ့ ဆောက်သမ်တန်ဘက်က ပေါင်သန်း ၅၀ အလိုရှိနေတာကြောင့် ပယ်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လာဗီယာဟာ ချန်ပီယံရှစ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ ရှက်ဖီးလ်အသင်းနဲ့ပွဲမှာ ပွဲထွက်ခွင့်မရဘဲ အရန်ခုံမှာပဲ ထိုင်ခဲ့ရတာပါ။
ဆောက်သမ်တန်ဘက်က ရောင်းချဖို့ အသင့်ရှိနေပေမဲ့ ပေါင်သန်း ၅၀ ရရှိမှသာ လက်လွှတ်ဖို့ ဆန္ဒ ရှိနေတာပါ။
လီဗာပူးအသင်းဟာ အမာခံကွင်းလယ်ကစားသမား ၅ ဦးခန့်အထိ လက်လွှတ်လိုက်ရတာကြောင့် နောက်ထပ်ကွင်းလယ်လူသစ် တဦးခေါ်ယူဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။